ကော့ကရိတ် အောက်တိုဘာ ၁၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီချိန်က ကျောင်းသူကျောင်းသားများကို ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ ရရှိစေရေး ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်တက်သည့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝဘေး အန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် သဘာဝဘေးမကျရောက်မီ ကျရောက်ဆဲကျရောက်ပါက သိရှိလိုက်နာရမည့် အကြောင်း အရာများနှင့် သဘာဝဘေးနှင့်ပတ်သက်၍ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသူကျောင်းသားများသည် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်တို့ကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်-ပြန်/ဆက်)