မြဝတီ နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်း သူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူမှုအပြင် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရေးအတွက် ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၃)ရပ်ကွက်၊ သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လူငယ်ရေးရာအသိပညာပေးခြင်းနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပပေးသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်များအနေဖြင့် လိမ္မာရေးခြားရှိစေရေးအတွက် အသိပညာ၊ အတတ်ပညာသာမက ပြင်ပစာပေ ဗဟုသုတများပါ ဖတ်မှတ်လေ့လာရမည်ဖြစ်ကြောင်းနှင့် ငယ်ရွယ်စဉ်မှစ၍ ဘဝရည်မှန်းချက်များ ထားရှိရမည်ဖြစ်ကြောင်းတို့ကို ဟောပြောပြီး ကာယ၊ ဉာဏ/စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများ ကျင်းပပေးကာ အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ စာအုပ်/စာပေ ဖတ်မှတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် စာဖတ်ဝိုင်းဆောင်ရွက်ပေးခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)