စုကလိ နိုဝင်ဘာ ၃
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့သည် ရေခံမြေခံအခြေခံကောင်းသော မြို့ဖြစ်ပြီး စိုက်ပျိုးရေးကိုအဓိကထား ဆောင်ရွက်လျက်ရှိပြီး ဝဥ၊ တောင်ယာငရုပ်သီး၊ အစေ့ထုတ်ပြောင်း သီးနှံများအား စိုက်ပျိုးကြပြီး ယခုနှစ်၌ စုကလိမြို့မှ ထွက်ရှိသော တောင်ယာငရုပ်သီးများ ပေါများစွာ ထွက်ရှိသဖြင့် ဝယ်သူအကြိုက်တွေ့ပြီး ရောင်းချသည့်စျေးနှုန်းများ မြင့်တက်လျက်ရှိသည်။
စုကလိမြို့မှ ထွက်ရှိသောတောင်ယာငရုပ်သီးများသည် အရင့်မှန်၍ ကြာရှည်အထားခံပြီး အသုံးပြုနိုင်သည်။တောင်ယာငရုပ်သီးများအား အနီးအနားရှိရွာများမှ လာရောက်ရောင်းချပြီး ရင့်မှည့် ငရုပ်သီးများအား တစ်ကီလိုလျင် ထိုင်းဘတ်ငွေ၁၈၀ ဘတ်နှင့်အခြောက်ခံပြီး ငရုပ်သီး တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၂၅၀ဘတ်အထိ စျေးကောင်းရရှိသည်။
စုကလိမြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်ကြသော တာနောထ၊ ဘောဘောထ၊ ကွေတာအုပ်၊ စခန်းသစ်ကျေးရွာများမှ လာရောက်ရောင်းချကြကြောင်း သိရသည်။
ပိုပိုအောင်