လိပ်သို နိုဝင်ဘာ ၂
သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သော ကျေးရွာများတွင် အစေးလှီးခြင်း၊ ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို စတင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရော်ဘာအစေးလှီး ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း အခက်အခဲများစွာ ကြုံတွေ့နေရ၍ ရည်မှန်းထားသလောက် မထုတ်လုပ်နိုင်သေးကြောင်း၊ ရရှိလာသော ရော်ဘာပြားများကို အခြောက်ခံပြီး ကျေးရွာအတွင်းအပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ အဝယ်ဒိုင်များဆီသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ရော်ဘာပြားများကို ရောင်းချရာတွင် အရည်အသွေးနှင့် ခြောက်သွေ့မှုအပေါ် မူတည်၍ ရော်ဘာတစ်ပေါင်ကို ၁၄၀ဝ ကျပ်မှ ၁၇၀ဝ ကျပ်အထိ ရရှိနေပြီး ယမန်နှစ်ကထက် ဈေးပိုမိုရရှိနေသည်ဖြစ်ရာ ခြံပိုင်ရှင်များနှင့် လုပ်သားများ ဝမ်းမြောက်လျက်ရှိကာ ခြံပိုင်ရှင်များအနေဖြင့် အလုပ်သမားများပင် ရှာဖွေခေါ်ယူလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)