ရှမ်းရွာသစ် နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့် ပတ်သက်သော အကြောင်းအရာများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား ၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်ပြည့်စုံ၍ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပြင်ပစာပေဗဟုသုတများ ရှာဖွေလေ့လာမှတ်သားသည့် အလေ့အကျင့်များ ရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးများကို အကျိုးပြုနိုင်မည့် လူငယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့ဦးစီးမှူးက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်များဖြင့် ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)