လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက်

လိပ်သို     နိုဝင်ဘာ   ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်စေရန် ဝန်ထမ်းစာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက “ဟောနည်းပြောနည်း ကိုယ့်ဘက်ပါအောင်စည်းရုံးနည်းများ” စာအုပ်တွင်ပါရှိသည့် အခန်း(၁) စင်ကြောက်စိတ်ကို ပယ်ဖျောက်ရန်နည်းလမ်း၊ အခန်း (၄) ဟန်ပန်အမူအရာ၊ အခန်း(၅) ကြိုတင်ပြင်ဆင်မှု  စသည့်အကြောင်းအရာများကိုဖတ်ကြားခဲ့ပြီးနောက် မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က  ဖြည့်စွက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် များဖြင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့် ဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)