လိပ်သို နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်ခြင်းသည် လူကိုယဉ်ကျေးစေ၍ အလိမ္မာတရားကိုလည်း တိုးပွားစေကြောင်း သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် မိမိတို့အတွက် အသိလိမ္မာတိုးပွားစေနိုင်သော စာအုပ်စာပေများကို အစဉ်အမြဲလေ့လာဖတ်ရှုကြရမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းသည် ကျောင်းသားလူငယ်များအဖို့ စာပေသင်ကြားရာတွင် အထောက်အကူဖြစ်စေသည်သာမက အထွေထွေဗဟုသုတကိုလည်းရရှိစေနိုင်ကြောင်း၊ ပြင်ပဗဟုသုတစာပေများကို ရွေးချယ်ဖတ်ရှုရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် လူတစ်ဦးတစ်ယောက်အတွက် စိတ်စွမ်းအားကို ပြည့်၀စေနိုင်ကြောင်း၊ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း လူတို့၏မိတ်ဆွေစစ်များမှာ စာအုပ်များပင်ဖြစ်ကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် ကမ္ဘာမြေကို ထိန်းသိမ်းကြပါစို၊ သစ်ပင်များကို တစ်ဦးချင်းစီက အသိစိတ်ဓာတ်ရှိစွာဖြင့် ဝိုင်းဝန်းထိန်းသိမ်းပြုစုစောင့်ရှောက်ကြရန်၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးလူတိုင်းပါဝင်ကူညီပေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)