မြဝတီ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ လစဉ် ပုံမှန် ၂၁ ရက်မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးနေကြောင်း သိရသည်။
ထို့သို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေး မကောင်းသူ များ၏ ပင်စင် လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များ အဆင်ပြေစွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးသည်။
အဆိုပါ ပင်စင်လစာငွေများကို ထုတ်ပေးရာတွင် ပင်စင်စား ဦးရေ ၆၁၀ တွက် ငွေကျပ် ၇၆၄,၁၄၆,၃၂ ကို ထုတ်ပေးပြီးဖြစ်ကာ ကျန်ရှိသည့်အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဘဏ်ဖွင့်ချိန် နေ့စဉ်နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)