ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ကျမ်းစာသင်ကျောင်းပတ်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ နိုဝင်ဘာ ၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ တပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လမ်းများ၊ တံတားများနှင့် အခြားတည်ဆောက်ခြင်းလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ကျမ်းစာသင်ကျောင်းပတ်လမ်းအား သြဂုတ်လ‌မှစ၍ ယခုအချိန်ထိ  လမ်းခင်းခြင်းလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် အရှည် ၁၂၀၀ ပေ ရှိပြီး ၂၀၂-၂၀၂ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ်(၆၈.၆၅၇)သန်းဖြင့် တော်ဝင်ကရင်မိသားစု ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းများအား သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် 

ထိုလုပ်ငန်းများ ပြီးစီးပါက ဘားအံ-မော်လမြိုင် သာသနာနယ်ကျမ်းစာသင်ကျောင်း၌  တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)