သင်္ဘောပင်များကို တနိုင်တပိုင်စိုက်ပျိုးထားခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းများအပြင် မိသားစုအပိုဝင်ငွေများရရှိစေရန် အိမ်ခြံဝင်းအတွင်းတွင် သင်္ဘောသီးပင်များကိုလည်း တနိုင်တပိုင် စိုက်ပျိုးပြုစုထားလျက်ရှိကြောင်း သိရသည်။