သံတောင်ကြီးမြို့နယ်တွင် Grade 5 သင်ရိုးသစ်နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်

သံတောင်ကြီး ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင်  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် Grade 5 သင်ရိုးသစ် နောက်ဆက်တွဲသင်တန်းကို  ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် နည်းပြဆရာ၊  ဆရာမ (၆)  ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၊ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်များနှင့် နောက်ဆက်တွဲ Grade- 5  သင်ရိုးသစ် ဘာသာရပ်ဆိုင်ရာများကို သင်ချပို့ချပေးပြီး သံတောင်ကြီးမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ  Grade-5 အတန်း၌ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာမ (၆၆)  ဦး တက်ရောက်ကာ   သင်တန်းကာလမှာ   ဒီဇင်ဘာ ၂၄ မှ ၂၇ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ