(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ်-ကော့ထမ္မလိန်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်နှင့် ကွန်ကရစ်တံတားဖွင့်၊ ဇွဲကပင် တောင်တက်/တောင်ဆင်းပြိုင်ပွဲကျင်းပ
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘားအံမြို့နယ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၄၈၈ ဒဿမ ၈၆)သန်းဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီနှင့် မဟာထူးမြတ်ကုမ္ပဏီတို့မှ တင်ဒါ အောင်မြင်ဆောင်ရွက်သော လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ်-ကော့ထမ္မလိန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်နှင့် ကွန်ကရစ်တံတားဖွင့်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက တော်ပုံကျေးရွာအုပ်စု၊ လှိုင်ကျေးရွာရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။