ပိုင်ကျုံ ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့မှ ကျောင်းသားလူငယ်များ ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများကို အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်၍ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် အသိပညပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။
အဆိုပါဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက မူ(လွန်)ညာပရောကျောင်းနှင့် အ-မ-ကလောစောဒေးကျောင်းရှိ ကျောင်းသား လူငယ်များအနေဖြင့် မိမိရပ်ရွာသန့်ရှင်းသာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး အတွက် လိုက်နာဆောင်ရွက်သင့်သည့် ပလတ်စတစ်ကြောင့် လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှုနှင့် ပတ်သက်သည့်အကြောင်းအရာများနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးနည်းလမ်းများကို ကျောင်းသားလူငယ်များ နားလည်သဘောပေါက်စေရန် စကောကရင်ဘာသာစကားဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ပြသသည့် ပလတ်စတစ်အမှိုက်များ၏ ထိန်းသိမ်းစွန့်ပစ်နည်းများ၊ အပှုဒဏ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)