စုကလိ ဇန်နဝါရီ ၁၅
ထိုင်းနိုင်ငံနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်စိုက်ပျိုးကြသည့် အစေ့ထုတ်ပြောင်းများအား ယခုအခါ ဆောင်းရာသီ၌ ရေသွင်းစိုက်ပျိုးကြသည့် ပြောင်းသီးနှံများအား ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့သေ့ဘောဘိုးကျေးရွာတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အစေ့ထုတ်ကော်ပြောင်းများအား စုကလိမြို့နှင့် ကျေးရွာအုပ်စုများတွင် စီးပွားဖြစ် စိုက်ပျိုးကြရာ ရေသွင်းစိုက်ပျိုးကြသည့် နေရာအဖြစ် သေ့ဘောဘိုး တောင်နီကျေးရွာများတွင်သာ စိုက်ပျိုးကြသည်။ အစေ့ထုတ်ကော်ပြောင်းများအား စိုက်ပျိုးရာတွင် တောင်ယာခုတ်ထွင်ရှင်းလင်းခြင်း၊ အစေ့ချစ်ိုက်ပျိုးခြင်း၊ ခူးဆွတ်ချိန်အထိ အချိန်ကာလ ၃လခန့် ကြာမြင့်ပြီးနောက် ၈၈၈၊ ၆၂၈ အမျိုးအစားများအား အဓိကစိုက်ပျိုးကြပြီး ထိုင်းနိုင်ငံမှ စျေးကောင်းပေး၍ ဝယ်ယူကြကြောင်း သိရသည်။ အစေ့ထုတ်ပြောင်းများအား ဝယ်ယူပြီး ကုန်ချောအဖြစ် ပလတ်စတစ်ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုကြကြောင်း သိရသည်။
ပိုပိုအောင်