ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းနှစ်ဆုံးစာမေးပွဲဖြေဆို

ကရင်ပြည်နယ်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာ စေရန်ရည်ရွယ်၍ ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရာ ယမန်နေ့က ဓမ္မစကူးလ်နှစ်ဆုံးစာမေးပွဲကို ဖြေဆိုခဲ့ကြသည်။

ရှမ်းရွာသစ်မြို့တွင် မိသားစုအပိုဝင်ငွေ ရရှိရေး ဒေသကြက်(ခေါ်)ဗမာကြက်များ တိုးချဲ့မွေးမြူလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိရာ ယခုအခါ မိသားစုအပိုဝင်ငွေ ရရှိနိုင်ရေးအတွက် ဒေသကြက်(ခေါ်) ဗမာကြက်များကိုပါ တိုးချဲ့မွေးမြူလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သံတောင်ကြီးဒေသတွင် တံမြက်စည်းများချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ယခုကာလအချိန်တွင် တောတောင်များ၊ တောင်ကုန်းတောင်တန်းများ၊ သံတောင်-သံတောင်ကြီး ကားလမ်းဘေးဝဲယာများ၊ နေအပူချိန်မြင့်သောနေရာများနှင့် တောင်ယာဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသခံပြည်သူများကစတင် ချိုးယူရောင်းချကာ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ မူလွန်ငှက်‌တောကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ငှက်‌ပျောတောကျေးရွာ မူလွန်ငှက်ပျောတောကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ အ.လ.က(ခွဲ) ဝင်းကမော့ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘ၊ ဆရာ၊ ကျောင်းသားတွေ့ဆုံပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ဝင်းကမော့ကျေးရွာ အ.လ.က(ခွဲ) ဝင်းကမော့ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးမှုအပေါ်  ကန့်ကွက်ရှုတ်ချပွဲကျင်းပ

ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ စုရပ်ပြု၍ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယ​မန်နေ့ ညနေ ၄နာရီ ၂၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ (Book Club)အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀:၀၀နာရီက (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ 

ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်‌ခေါ်ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်