လိပ်သိုမြို့၌ အိမ်ခြံဝင်းအတွင်း စားဖိုဆောင်သီးနှံများ တနိုင်တပိုင် စိုက်ပျိုးသူများပြားလာ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံများအနေဖြင့် မိမိတို့၏ ခြံဝင်းအတွင်းရှိ စိုက်ပျိုးမြေများကို အလဟဿ မဖြစ်စေရန်၊ မီးဖိုချောင်စားရိတ် သက်သာစေရန် အိမ်ခြံဝင်းအတွင်း စားဖိုဆောင်သီးနှံများကို တနိုင်တပိုင် စိုက်ပျိုးသူများ များပြားလာလျက်ရှိကြောင်း သိရသည်။