ဘားအံမြို့တွင် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်ဖွင့်လှစ်
(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ULURU MM Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်သော ဘားအံမြို့နယ်၊ နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက နောင်ယာဖေးကျေးရွာရှိ အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။