ကရင်ပြည်နယ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သောဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁  နာရီခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က  အမှတ်(၁) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၂)နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် တောင်သူလယ်သမားနေ့အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် တောင်သူလယ်သမားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိ သူများ၊ မြို့နယ်အသီးသီးရှိ ရပ်ကွက်ကျေးရွာများမှ တောင်သူများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ အသင်းအဖွဲ့များ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားခဲ့သည်။

ဘားအံမြို့နယ်၊ ရွှေတောကျေးရွာအုပ်စု ရွှေနတ်ကျွန်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲနှင့် ဆေးဘက်ကျွမ်းကျင်(၄) (ဓာတ်ခွဲ) (၈)လသင်တန်းပြီးမြောက်ခြင်းနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည် (၄/၆)မိုင်၊ အရှည် ပေ ၂၄ ၊ တံတား(၆)စင်း ပါဝင်သော ရွှေတောကျေးရွာအုပ်စု ရွှေနတ်ကျွန်းကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါ ကုန်ထုတ်လမ်း မုခ်ဦး၌ ကျင်းပခဲ့သည်။

ဘားအံခရိုင် Community Centre တွင် နွေရာသီသင်တန်းများ အခမဲ့ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၄) နှင့် နွေရာသီအင်္ဂလိပ်စာအခြေခံ Grammar သင်တန်း (၁/၂၀၂၄) ကို သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့၌ နှမ်းနက်(ခေါ်)စမုန်နက်နှမ်းများ စျေးကောင်း၍ နှမ်းစိုက်တောင်သူများ အဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူများအနေဖြင့်  လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး၊ မိသားစုဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းစိုက်ပျိုးခြင်းကိုလည်း တွဲဖက် လုပ်ကိုင်ကြသည်။ 

ဘားအံခရိုင် Community Centre တွင် နွေရာသီ သင်တန်းများ အခမဲ့ ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးအတွက် နွေရာသီ အခြေခံပန်းချီသင်တန်း (၁/၂၀၂၄)နှင့် နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်း (၁/၂၀၂၄) ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက် (၈၅) နှစ်နှင့် အထက် အဘိုးအဘွား များတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့‌ငွေများ ပေးအပ်ခြင်းကို သုံးလလျှင် တစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော သံပုရာသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်  မွေးမြူရေးလုပ်ငန်းတို့အပြင် မိမိတို့၏ ဥယျာဉ်ခြံမြေနှင့် အိမ်ခြံဝင်းများတွင် နှစ်ရှည်သီးနှံဖြစ်သည့် သံပုရာပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ နွေရာသီကာလ အသီးရင့်ချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်