ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား  ထောက်ပံ့ငွေများ လိုက်လံပေးအပ်လျက်ရှိ

ပိုင်ကျုံ   မတ်  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ကြက်တူရွေးကျေးရွာအုပ်စုအတွင်းရှိ သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃) လ ပတ်အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကြက်တူရွေးကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား (၂၃)ဦးအား တစ်ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းကျပ်ငွေ (၆၉၀၀၀ဝိ/-)တိတိကို သက်ဆိုင်ရာ ကျေးရွာမှ တာဝန်ရှိသူများတို့က လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့် ရှိသော အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၃၃၂)ဦးရှိပြီး ထောက်ပံ့ငွေများ လက်ဝယ်အရောက် ရရှိရေးအတွက် သက်ဆိုင်ရာ ကျေးရွာရှိတာဝန်ရှိသူများတို့မှ လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)