ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေး ကောင်းမွန်ပြီး ဉာဏ်ရည် ထက်မြက်စေရန် ရည်ရွယ်၍  ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် နွေရာသီ ကျောင်းပိတ်ရက်အားလပ်ချိန်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့ အကျင့် ရှိစေရန်နှင့် စာပေများ ဖတ်ရှုခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ မီးပလပ်ခုံရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့အမှတ် ၄ ရပ်ကွက် သစ္စာလမ်းနှင့် သုခမိန်လမ်းထောင့် တွင် ယမန်နေ့ညနေ ၃ နာရီ ၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြဝတီခရိုင် မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော်ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၁ ဦးတို့သည် မီးငြှိမ်းသတ်ယာဥ်နှစ်စီး၊ မီးသတ်ရေသယ်ယာဥ်နှစ်စီးဖြင့် လည်းကောင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က ရေသယ်ယာဥ်တစ်စီး၊ စည်ပင်ရေသယ်ယာဥ်တစ်စီးနှင့် ရပ်ကွက်ရေသယ်ယာဥ်သုံးစီးတို့ဖြင့် လည်းကောင်း ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့  ရှင်ဂျော့ဂျက်ဘုရားကျောင်းခန်းမတွင် ဘွဲကရင်စာပေသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဘွဲကရင်လူမျိုး အများစုနေထိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ဘာသာစကားနှင့်စာပေကို တန်ဖိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ဘွဲကရင်စာပေသင်တန်းကို ယနေ့နံနက်(၉)နာရီ အချိန်က ရှင်ဂျော့ဂျက်ဘုရားကျောင်းခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ မြို့မဈေးကြီး၊ ပြည်သူ့ဆေးရုံကြီးနှင့်ဆေးပေးခန်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာနေရာဒေသများသို့  ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာမှု အားကောင်းလာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး ၎င်းပြည်သူလူထုများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show  ဆွေးနွေးပွဲပြုလုပ်

အလုပ်သမားနေ့သည် လုပ်အားတန်ဖိုးကို မြှင့်တင်ပေးသည့်နေ့ဖြစ်ကြောင်း၊ အလုပ်သမားနေ့ကို အလုပ်သမားများသာမက အလုပ်ရှင်များကပါတန်ဖိုးထားကြရမှာဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အသိပညာပေးTalk Show ဆွေးနွေးပွဲကို လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်  ၁၀ နာရီကပြုလုပ်ခဲ့သည်။

ဘားအံ၌ အလုပ်သမားနေ့အခမ်းအနားနှင့် ပြည်နယ်ထုတ်ကုန်ပစ္စည်းများ MSME ပြပွဲကျင်းပ

နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည့် အင်အားစုကြီးတစ်ခုဖြစ်သော အလုပ်သမားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ်၊ အလုပ်သမားနေ့အခမ်းအနားနှင့် ပြည်နယ်ထုတ်ကုန်ပစ္စည်းများ MSME ပြပွဲကို မေလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌မေ၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ​မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံး (ကာယ၊ ဉာဏ) ပြည်သူ့ဝန်ထမ်း လုပ်သားကြီးများအား ဂုဏ်ပြုပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ တွင်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အမှတ်၁အခြေခံပညာအထက်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပသည်။

မြန်မာ-ထိုင်း  အမှတ်၂ ချစ်ကြည်ရေးတံတား အနီးတစ်လျှောက်ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်းရေးဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ခေတ္တယာယီပိတ်ထားသည့် မြန်မာ-ထိုင်း အမှတ်၂ ချစ်ကြည်ရေး တံတားအား ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ၊ တစ်ဖက်နိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် လုပ်သားများနှင့်အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအား ပြန်လည်ကြိုဆိုနေရာချထားရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပြန်လည်လည်ပတ်နိုင်စေရေးအတွက် တံတားပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ပိုင်းက  အဆိုပါတံတားအနီးတွင် ဌာနဆိုင်ရာများစုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်