ကရင်ပြည်နယ်

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ဘားအံမြို့နယ်မီးသတ်စခန်းသစ် ဖွင့်လှစ်

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် မီးသတ်စခန်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၇ နာရီက ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်းရှိ အဆိုပါမီးသတ်စခန်း၌ ကျင်းပသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာလူရည်ချွန်စခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ဘားအံမြို့ပေါ်ရှိ စက်ရုံအလုပ်ရုံများနှင့် သမိုင်းဝင်ဂူဘုရားများသို့ သွားရောက်လေ့လာ

၂၀၂၃-၂၀၂၄ပညာသင်နှစ် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာလူရည်ချွန်စခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ယမန့်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးစောထွန်းအောင်ဦးဆောင်၍ ကြီးကြပ်ဆရာ/ဆရာမများနှင့်အတူ ဘားအံမြို့ပေါ်ရှိ စက်ရုံအလုပ်ရုံများနှင့် သမိုင်းဝင်ဂူဘုရားများသို့ သွားရောက်လေ့လာခဲ့ကြောင်းသိရှိရသည်။

မြဝတီမြို့၌ အသက် ၁၀ နှစ်အထက်ရှိသူများ အီလက်ထရောနစ် စနစ်ဖြင့် ကိုယ်ရေးအချက်အလက်နှင့် ဇီဝအချက်အလက်များ ကောက်ယူမှတ်ပုံတင်၍ UID စာရွက်ထုတ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနသည် နိုင်ငံအတွင်း နေထိုင်သူများမှ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူများကို အီလက်ထရောစနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ၊ ဇီဝအချက်အလက်များတို့ကို ကောက်ယူမှတ်ပုံတင်၍ UID (Unique Identity Number) စာရွက်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးတွင် ဇီဝအချက်အလက်များ ကောက်ယူရန်အတွက် ၂၀၂၃ခုနှစ်၊ ဧပြီလမှစ၍ လျာထားချက် ၂၂၂၆၀ ဦး စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၄ခုနှစ်၊ မတ်၂၉ရက်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဧပြီ ၉ ရက်နေ့ထိUIDဆောင်ရွက် ပြီးစီးမှုအားဖြင့် ၂၂၉၉၇ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုအားပေး၊ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာထောက်ပံ့၊ အောင်မြင်ဖြစ်ထွန်းနေသော နွေစပါးစိုက်ခင်းများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့ကို မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကိုအခါအားလျော်စွာဆောင်ရွက်လျက်ပြီး မကြာမီကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ အတင်းအဓ္ဓမ ဝင်ရောက်ပြီး တိုက်ပွဲဖော်ဆောင်သည့်အတွက် ဒေသခံပြည်သူများသည် ဘေးလွတ်ရာ မြို့ရွာများရှိ မိဘဆွေမျိုးများနေအိမ်နှင့် ဘာသာရေး အဆောက်အဦများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရကာ ဒေသခံပြည်သူများ မူလနေထိုင်ရာ နေရာဒေသနှင့် အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရသည့်အတွက် ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးကို မေလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ဆန်ရိက္ခာ ထောက်ပံ့

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း ဝင်ရောက်နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများနှင့် တိုက်ပွဲများဖော်ဆောင်ခဲ့သည့်အတွက် ဒေသခံပြည်သူများသည် ဘားအံ၊ လှိုင်းဘွဲ၊ မြိုင်ကြီးငူ၊ ကမမောင်းဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့်  လူနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခြင်း လျှပ်စစ်မီးတိုင်နှင့်မီးကြိုးများ ပျက်စီးဆုံးရှုံးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျန်းမာသန်စွမ်းသော ကလေးငယ်များဖြစ်စေရန်အတွက် လစဉ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက စတင်၍ အမှတ်(၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန် မြှင့်တင်ရေး Book Club  အဖွဲ့ဝင်များနှင့် ပူးပေါင်း၍   စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသော “မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ (၂)” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ဒေါ်လန်း(RHC)၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာအုပ်စု ဒေါ်လန်း(RHC)၌ အသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်