ကော့ကရိတ် မေ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခြင်း လျှပ်စစ်မီးတိုင်နှင့်မီးကြိုးများ ပျက်စီးဆုံးရှုံးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဥ်များကြောင့် မြို့နေပြည်သူလူထုများမှာ ဘေးလွတ်ရာဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာမှ ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် မြို့တွင်းသို့ နေစဥ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကေ့ာကရိတ်မြို့ပေါ် ရပ်ကွက်(၇) ရပ်ကွက်ရှိ ပြည်သူများနေထိုင်မှုနှင့် လျှပ်စစ်မီးများ အဆင်ပြေသုံးစွဲနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်တိုင်နှင့်လျှပ်စစ်ကြိုးများ ရှင်းလင်းသွယ်တန်းခြင်းများကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်း၌ ကေ့ာကရိတ်မြို့ပေါ် ရပ်ကွက်တစ်ချို့အား သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓါတ်တိုင်နှင့် လျှပ်စစ်ကြိုးများ ရှင်းလင်းသွယ်တန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ စစ်ဗျူဟာမှူးနှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်