ပိုင်ကျုံမြို့ အ-ထ-ကကျောင်းလမ်း၌ အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ပိုင်ကျုံ  မေ  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့အင်္ဂါရပ်နှင့် ကိုက်ညီစေရေးအတွက် အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အ-ထ-က ကျောင်းလမ်းတွင် စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ်(.၁၃၀)သန်းဖြင့် အရှည် ၁၀၉ ပေ၊  အကျယ် ၂ ပေ၊ အမြင့် ၃ ပေရှိပြီးလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက်  မြို့စည်ပင်သာယာရေးအဖွဲ့မှ  တာဝန်ရှိသူများက  အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ အမှတ်()ရပ်ကွက်ရှိ အ-ထ-က ကျောင်းလမ်း လမ်းဘေးဝဲယာအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အုတ်စီရေမြောင်းတည်ဆောက်ပေးလျက်ရှိရာ ယခုနှစ်တွင် ကျန်ရှိနေသောအပိုင်းအား အပြီးသတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)