မြဝတီမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းအလှစိုက်ပျိုးခြင်းနှင့် လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်

မြဝတီ   မေ ၁၅

ကရင်ပြည်နယ် မြဝတီမြို့သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်လှပစေရေး စုပေါင်းသန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အာရှလမ်းမတစ်လျှောက် လမ်းလယ်ကျွန်းအတွင်းပန်းအလှပင်အသစ်များစိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့်လမ်းဘေးဝဲ/ယာတစ်လျှောက် အမှိုက်များရှင်းလင်းခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဝန်ထမ်းများက စုပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ ပန်းအလှစိုက်ပျိုးခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့သန့်ရှင်းရေးဝန်ထမ်းများက အာရှလမ်းမတစ်လျှောက် လမ်းလယ်ကျွန်းအတွင်းပန်းအလှပင်များ အသစ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးသော ပန်းအလှပင်များအား  မြေဆွေးဖြည့်ခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ ရေလောင်းပေးခြင်းနှင့် လမ်းဘေးဝဲ/ယာတစ်လျှောက် ပလတ်စတစ်အမှိုက်များ ရှင်းလင်း/သိမ်းဆည်းပေးပြီး ထွက်ရှိသောအမှိုက်များအား အမှိုက်သယ်ယာဉ်ဖြင့် စနစ်တကျ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)