ဘောဂလိမြို့ရုံးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်

ဘောဂလိ မေ ၁၄

ကရင်ပြည်နယ်၊ ဘောဂလိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ဒေသနေပြည်သူများ အသိပညာ ဗဟုသုတ ပိုမိုရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာ‌ပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မူလားလာက ပြည်သူများ သိသင့်သိထိုက်သည့် မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် ဆိုးကျိုးများနှင့်ရှောင်ရန် ဆောင်ရန်များကို ဟောပြောပြီး ပြသထားသည့်နံရံကပ်စာစောင်များကို ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဒေသနေပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာအုပ်စာစောင် ပြပွဲများနှင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြည်ကြည်ခိုင်(ပြန်/ဆက်)