သံတောင်ကြီးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းပိတ်ပွဲ အခမ်းအနားကျင်းပ

သံတောင်ကြီး  မေ ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ကျေးလက်‌နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပိတ်ပွဲအခမ်းအနားအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေးမှ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်နှင့်ပတ်သက် ၍  ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် အခြေခံစာတတ်မြောက်ရေးတွင် သင်ကြားပေးသည့် ဆရာ/ဆရာမများနှင့် စာသင်သားများအား မြို့နယ်ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကော်မတီမှဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊  ဆရာတော်များ၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးသည့် ဆရာ/ဆရာမများ၊ စာသင်သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ