သံတောင်ကြီးမြို့နယ် ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး ဇွန် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ ကျောင်းသားများ စာကြည့်တိုက်နှင့် ရင်းနီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးတို့နှင့် ပူးပေါင်းပြီး  စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား ယမန်နေ့နေ့လည်(၁) နာရီအချိန်က   ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်းရှိ စာကြည့်တိုက်ခန်းမအတွင်းတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး‌ ဒေါ်နော်နီလာအေးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လော်မူမှ ဦးဆောင်၍ စာရေးဆရာ တက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ပေးရာ မဝင်းလက်လက်နိုင်(Grade–၁၀) ကျောင်းသူက စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် မင်းကိုယ်မင်းပြန်ကြည့်စမ်းပါ၊ မခိုင်သဇင် (Grade–9) ကျောင်းသူက အနုပညာနှင့်စာပေ၊ မောင်ထက်နိုင်ဦး(Grade– ၈)ကျောင်းသားက ကျွန်ုပ်တို့ကံကောင်းကြပေသည်၊ စသည့်အကြောင်းအရာများကိုဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်ကို ဖတ်ရှုခြင်းဖြင့် ကျောင်းသူ/ကျောင်းသားများ အသိပညာဗဟုသုတများတိုးပွားလာခြင်း၊  စာဖတ်ခြင်းကြောင့် အောင်မြင်သောဘဝကို ဖန်တီးနိုင်းခြင်း၊ စည်းကမ်းရှိရှိ နေထိုင်တတ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိပါသည်။

နော်နော်မူ