ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့၊ ပြန်လည်ထူထောင်ရေး ခရိုင်အဆင့်လုပ်ငန်း‌ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်  မြို့နယ်ပညာရေးမှူးရုံးနှင့်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့်ဖုံး၊ သွန်၊ လဲ စစ်အဘိတ်ဆေးခတ်ခြင်းကို သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့ကြသည်။

အငြိမ်းစားမိဘပြည်သူများအား ပင်စင်လစာများပြန်လည်ထုတ်ပေးလျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ မြန်မာ့စီးပွားရေးဘဏ်ခွဲများ၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းမိဘပြည်သူများ၏ ပင်စင်လစာများအား လစဉ် (၂၁) ရက်နေ့တိုင်း အဆင်ပြေစွာထုတ်ပေးလျက်ရှိပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင်လည်း အငြိမ်းစားမိဘပြည်သူများအား ယနေ့နံနက်ပိုင်းအချိန်မှစတင်ပြီး အဆိုပါဘဏ်ခွဲမှ တာဝန်ရှိသည့်ဝန်ထမ်းများက အဆင်ပြေစွာထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊  မဲဆောက်မြို့၊  တပ်(ခ်)ခရိုင်  လူဝင်မှုကြီးကြပ်ရေးဌာနတွင် မြန်မာနိုင်ငံသား (၂)ဦး လွှဲပြောင်း/လက်ခံ

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာန  လက်အောက်ရှိ Pathumthani  Welfare Protection Center For Victims of Trafficking in Persons တွင် လက်ခံစောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး ထိုင်းနိုင်ငံရှိ  သက်ဆိုင်ရာ တရားရုံး၌ သက်သေထွက်ဆိုပြီးသော လူကုန်ကူးခံရသူ အမျိုးသား (၂) ဦးအား မြဝတီ-မဲဆောက်လမ်းကြောင်း မဲဆောက်မြို့ရှိ တပ်(ခ်)ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် ဇွန် ၁၉ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့  ပြန်လည်ထူထောင်ရေးဦးစီးဌာန ၊  ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ လွှဲပြောင်းပေးအပ်သည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် စံပယ်လမ်းရှိ လမ်းဘေးဝဲယာအား အုတ်စီပလက်ဖောင်းရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာကောင်းမွန်စေရေးအတွက် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် စံပယ်လမ်းရှိ လမ်းဘေးဝဲယာတွင်  အုတ်စီပလက်ဖောင်း ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၂၀ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ ၉၀ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ဘားအံမြို့ အခြေခံပညာကျောင်းများ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဘားအံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဘားအံမြို့၌ သဘာ၀ဘေးကြောင့် ပျက်စီးခဲ့သည့်အိမ်ထောင်စုများအား ထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားအွန်ကျေးရွာအုပ်စု မိန်းမလှကျွန်းကျေးရွာတွင် ဇွန်လဒုတိယပတ်၌ ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၆) လုံးအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာတို့ပူးပေါင်း၍ ဘားအံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to ကရင်ပြည်နယ်