ကရင်ပြည်နယ်

ကမမောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏နေ့ထူးနေ့မြတ်၊ အထိမ်းအမှတ်နေ့များအား ပြည်သူများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ လက်ကမ်းစာစောင်များ ထုတ်ဝေပေးလျက်ရှိပြီး ပြည်သူများ၏လက်ထဲအရောက် ဖြန့်ဝေပေးလျက်ရာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၁ နာရီအချိန်၌ အခြေခံပညာကျောင်းများ၊ လူစည်ကားရာနေရာများနှင့် ရပ်ကွက်များအတွင်းသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ မေမြတ်ဇင်ဘာသာပြန်ထားသော" အမျိုးသမီးများအတွက် မိမိကိုယ်ကို ခုခံကာကွယ်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

ရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ ခေါင်းဆောင်စိတ်ခေါင်းဆောင်အတွေးစာအုပ်အား ယနေ့နေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက လိပ်သိုမြို့၊ အမှတ်(၁)ရပ်ကွက်နှင့်(၂)ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဘားအံ) ၏ ဆဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း

ကရင်ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ အထိ ပညာသင်ကြားပြီးမြောက်အောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်များကို အပ်နှင်းပေးအပ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း ဖွံဖြိုးတိုးတက်မှုများအား ကြည့်ရှုစစ်ဆေး

ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းသည် ဧရိယာအားဖြင့် (၉၂၈ ဒဿမ ၉၃)ဧက ကျယ်ဝန်းပြီး မြေကွက်ပေါင်း ၅၄၀၀ ကျော် ဖော်ထုတ်အကောင်အထည်ဖော်ခဲ့ရာ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်း၊ ဈေး၊ ပန်းခြံ၊ အဝေးပြေးယဉ်ရပ်နားစခန်း၊ အားကစားကွင်း၊ သုဿာန် စသည်ဖြင့်ပါဝင်ပြီး ယခုအခါ လူနေအိမ်ပေါင်း ၃၁၀ ကျော် ဆောက်လုပ်ပြီးစီးနေထိုင်လျက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နည်းပညာတက္ကသိုလ်(ဘားအံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ နည်းပညာတက္ကသိုလ်(ဘားအံ)၌ ယာဉ်မတော်တဆဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဆုံးရှုံးမှု၊ လူမှုဘဝဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ ကျောင်းသူများ သိရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉:၀၀)နာရီက နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ ၊ ဆရာ / ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ ၊ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုက်ပျိုးပြီးသစ်ပင်များကို တစ်ဦးချင်းစီက အသိစိတ်ဓာတ်ရှိစွာဖြင့် တန်ဖိုးထားထိန်းသိမ်းပြုစုစောင့်ရှောက်ဖို့လို

ယခုနှစ် မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်မျိုး(၁၇)မျိုးဖြင့် အပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအခါ အပင်ပေါင်း ၂၈၆၇ ပင်ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ (ဒုတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်