ဘားအံမြို့၌ သဘာ၀ဘေးကြောင့် ပျက်စီးခဲ့သည့်အိမ်ထောင်စုများအား ထောက်ပံ့

ဘားအံ ဇွန် ၂၀          

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားအွန်ကျေးရွာအုပ်စု မိန်းမလှကျွန်းကျေးရွာတွင် ဇွန်လဒုတိယပတ်၌ ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၆) လုံးအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာ၀ဘေးဖြစ်သည့် လေဘေးအန္တရာယ်ကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၃၀၀၀၀ဝိ/-)အိမ်ထောင်စု (၆)စုရှိ လူဦးရေ(၂၂)ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ်(၄၆၂၀ဝိ/-) စုစုပေါင်းငွေကျပ်(၃၄၆၂၀ဝိ/-)အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)