လှိုင်းဘွဲ ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများက ကြီးကြပ်၍ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ ထုတ်ယူရာတွင် စနစ်တကျရှိစေရေး၊ လိုအပ်သော စာရွက်စာတမ်းများ၊ အချက်အလက်များအား မှန်ကန်စေရေးတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း၊ လှိုင်းဘွဲမြို့နယ်တွင် အငြိမ်းစား ဝန်ထမ်း(၁၂၀၀)ဦးကျော်ရှိပြီး ရပ်ဝေး ပင်စင်စား အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လာရောက်ထုတ်ယူရာတွင် ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့စေရန်အတွက် ပင်စင်လစာများကို လစဉ်(၂၁)ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် နံနက်(၉)နာရီမှ မွန်လွဲ(၂)နာရီအထိ ပုံမှန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရှိရသည်။
စောဒိ(ပြန်/ဆက်)