သံတောင်ကြီး ဇွန် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့်ဖုံး၊ သွန်၊ လဲ စစ်အဘိတ်ဆေးခတ်ခြင်းကို သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူ/ကျောင်းသားများ ခြင်အန္တရာယ်ကင်းဝေးစေရန် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ရေစည်ရေအိုးများ၌ ခြင်မဝင်စေရန်ရေစည်ရေအိုးများ၊ ပန်းအိုးများတွင်ပိုးလောက်လန်းများမဖြစ်ပေါ်စေရေး ဆေးကြောလဲလှယ်ရန် စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဦးသန်းထွန်းဌေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
နော်နော်မူ