လှိုင်းဘွဲ ဇူလိုင် ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်အဖွဲ့ဝင်များက (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌဦးလင်းခိုင်းက (၁၀၂)နှစ် မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူများသမဝါယမအသင်း လုပ်ငန်းဆောင်ရွက်မှုတို့ကို သိရှိစေရန်၊ အဖွဲ့ဝင်များအနေဖြင့် စည်းလုံးညီညွတ်ပြီးလုပ်ငန်းများကို ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဌေးဝင်း၊ မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဒေါ်မြင့်စန္ဒာအောင်၊ မြို့နယ်ဖိုးလပြည့်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးနှင့်အဖွဲ့ဝင်များက မြန်မာ့အလင်းသတင်းစာမှ စာရေးဆရာမြင့်စိုး(နတလ)ရေးသားထားသော “တစ်ခေတ်တစ်ခါက သမဝါယမစီမံကိန်းများ”ခေါင်းစဉ်ဖြင့် ဆိုးမွေကောင်းမွေနှင့် ကျွန်တော်ခံယူချက်၊ ဦးတင်ကြီး၏ ပြုပြင်ရေးစီမံကိန်း၊ ၁၉၇၀ပြည့်နှစ် သမဝါယမစီမံကိန်း၊ လူသိများထင်ရှားသော သမဝါယမစီမံကိန်းများ၊ ဆိုရန်တိုဗီလာစီမံကိန်းနှင့်သမဝါယမ ငါးနှစ်စီမံကိန်း၊ မြန်မာနိုင်ငံသမဝါယအသင်းများ၏ အားနည်းချက်၊ အားသာချက်များနှင့်သမဝါယမသင်း ဆင့်ကဲပြောင်းလဲလာမှုတို့ကို အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်က မြန်မာနိုင်ငံတွင် သမဝါယမအသင်းများ၏ ကြုံတွေ့နေရသည့်အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ အားနည်းချက်၊ အားသာချက်များစသည့် သမဝါယမအသင်း လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အကြံပြုချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
လင်းသန့်( ပြန် / ဆက်)