ရှမ်းရွာသစ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်

ရှမ်းရွာသစ် ဇူလိုင် ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကျန်းမာရေးနှင့်အညီ နေထိုင်ရေးနှင့် ခြင်အန္တရာယ်နှင့်ပတ်သက်သော ရောဂါအန္တရာယ်များနှင့် ကာကွယ်နိုင်ရေးအတွက် ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးစိမ်ခြင်ထောင်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက ဒေသနေပြည်သူများ လက်ဝယ်အရောက်ရရှိရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းရခြင်းဖြစ်ကြောင်း၊ ခြင်ထောင်များကို အိမ်ထောင်စုလူဦးရေအနည်းအများပေါ်မူတည်ပြီး ပေးအပ်လျက်ရှိကြောင်း၊ ဆေးစိမ်ခြင်ထောင်များ ပေးအပ်ခြင်းကြောင့် မိုးရာသီကာလတွင် ခြင်ပေါက်ဖွားမှုနှုန်းများသည့်အတွက် ဒေသနေပြည်သူများ၊ ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ဒေသနေပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး (ပြန်/ဆက်)