မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ
ကရင်ပြည်နယ်အတွင်း မိုးစပါးလျာထားဧက(၄၂၇၃၂၉)ကျော်ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ ထောက်ပံ့ ပေးအပ်ပွဲကို ဘားအံမြို့နယ်၊ဝင်းကျန်ကျေးရွာ၊ တောင်သူ ဒေါ်ပြားအုံ၏ လယ်(၅)ဧက၌ကျင်းပသည်။