ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

ပိုင်ကျုံ  ဇူလိုင် 

ပိုင်ကျုံမြို့ စည်ပင်သာယာရေးအနေဖြင် အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂-၂၀၂ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (.၈၃)သန်းဖြင့် အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၁ ရက်နေ့က လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ  ၃ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို အရှည်(၂၀)ပေ၊ အကျယ်()ပေ အမြင့်(၃)ပေရှိ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့မှ အနီးကပ်ကြီး ကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ လုပ်ငန်းများ ပြီးစီးပြီးဖြစ်၍  မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်လာစေပြီး ရပ်ကွက်တွင်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်သည့်အပြင်  အများပြည်သူများ၏  သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေလွယ်ကူ‌လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)