မြဝတီမြို့ ပြည်သူများအတွက် ဆန်ကုန်သည်ကြီးများအသင်းမှ ဇီယာ(ရှယ်)တစ်ပြည်လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချ
ကရင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြဝတီမြို့ဆန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့၊ ဘုရင့်နောင်ဈေးကြီးရှေ့တွင် ဇီယာ(ရှယ်) တစ်ပြည်လျှင် ကျပ် ၅၀၀၀ အထူးဈေးနှုန်းဖြင့် ပြည်သူများသို့ လက်လီရောင်းချပေးလျက်ရှိကြောင်း သိရသည်။