လိပ်သို ဇူလိုင် ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား အဂတိလိုက်စားမှုအကြောင်း သိရှိစေရန် ယမန်နေ့ မွန်းလွဲ ၁ နာရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ဒေါ်နော်ဒိုနီးရှာ (တာဝန်ခံကျောင်းအုပ်) က ကျောင်းသား/ကျောင်းသူများအား အမှာစကားပြောကြားပြီးနောက် ဒေါ်ဌေးဌေးဝင်း (အလယ်တန်းပြ) က အဂတိလိုက်စားခြင်းတရား (၄) ပါး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဉပဒေများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲသို့ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-9 မှ ကျောင်းသား/ကျောင်းသူ (၄၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)