လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိ တံတားချဉ်းကပ်လမ်း ပြိုကျပျက်စီးမှုဖြစ်ပွား
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ပိုင်ကျုံမြို့ နောင်ခွီးကျေးရွာအုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)အာရှလမ်းမကြီးပေါ်ရှိ သောက်တော်ကျေးရွာအနီး တံတားအမှတ် (၂/၃၃)၊ အရှည်(၁၂၀)ပေ၊ အကျယ်(၃၀)ပေ၊ အမြင့်(၁၅)ပေ ရှိသော သံကူကွန်ကရစ်တံတား၏ ချဉ်းကပ်လမ်း စုစုပေါင်း(၅၀)ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။