ကရင်ပြည်နယ်

သံတောင်ကြီးဒေသထွက်ဌက်ပျောသီးများ အထွက်နှုန်းအနည်းငယ်ကျဆင်းသော်လည်း ဈေးကောင်းရရှိ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်တိုပင်ဖြစ်သော ဌက်ပျောပင်များကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဌက်ပျောပင်များသည် ရာသီမရွေး အသီးသီးသောသီးနှံဖြစ်ပြီး ယခုအချိန်တွင် သံတောင်ကြီးဒေသထွက်ဌက်ပျောသီးများ အထွက်နှုန်းအနည်းငယ်ကျဆင်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ မြေစိုက်နံရံကပ်ပြဘုတ်စိုက်ထူ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသနေတောင်သူများအတွက် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစော မောင်အေး၏ လယ်ယာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသည့် ပေါ‌‌လောက်ကျေးရွာအုပ်စုနှင့် ထီးဖိုးကိန်ကျေးရွာစု ဆက်သွယ်သည့်လမ်းအား ဒေသခံပြည်သူများ စုပေါင်းပြင်ဆင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါလောက်ကျေးရွာအုပ်စုနှင့် ထီးဖိုးကိန်ကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသော လမ်းအား (၁)မိုင်၊ (၅)ဖာလုံခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အ.မ.က သစ်ခွတောင်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အ.မ.က သစ်ခွတောင်ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကရင်တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာ ပြုလုပ်ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ မပျောက်ပျက်စေရန်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာကို သိရှိစေရန်၊ ကရင်ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းမြတ်နိုးတတ်စေရန်နှင့် ပွဲတော်တွင် ပူးပေါင်းပါဝင်ဆင်နွှဲလာစေရန်ရည်ရွယ်၍ ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်စူး)ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ လူကုန်ကူးခြင်းနှင့်ပတ်သက်၍သိရှိစေရန် ယမန်နေ့နေ့လည် (၂)နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်မခံရအောင် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

ကရင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ (၁/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်