လိပ်သိုမြို့ အ.မ.က သစ်ခွတောင်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

လိပ်သို ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အ.မ.က သစ်ခွတောင်ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက တစ်ကိုယ်ရည် သန့်ရှင်းမှုများရှိစေရန်၊ ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း အသိပညာပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ စနစ်တကျ လက်ဆေးတတ်ရန် လက်တွေ့ဆေးကြောပြသခြင်း၊ ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း လိုအပ်သောဆေးဝါးများကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)