ပိုင်ကျုံ ဩဂုတ် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါလောက်ကျေးရွာအုပ်စုနှင့် ထီးဖိုးကိန်ကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသောလမ်းအား (၁)မိုင်၊ (၅)ဖာလုံခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသည် ပေါလောက်ကျေးရွာအုပ်စုနှင့် ထီးဖိုးကိန်ကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး ဇူလိုင်လအတွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းအနိမ့်ပိုင်းရှိနေရာများ၌ ပျက်စီးလျက်ရှိကြောင်း၊ ယင်းလမ်းပျက်စီးမှုကြောင့် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုလမ်းတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအန္တရာယ်ကင်းပြီး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ပျက်စီးသည့်နေရာများအား ဒေသနေပြည်သူများ၊ ကျောင်းသားလူငယ်များနှင့်တာဝန်ရှိသူများတို့ စုပေါင်းကာ ပြန်လည်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)