လိပ်သို ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဒေသနေပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုပြီး အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုကြစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့ပေါ်/ ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များအား စာပေဗဟုသုတပြည့်စုံကြွယ်ဝသူများ ဖြစ်စေရန်အတွက် ပြည်သူ့စာကြည့်တိုက်အား အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ သုတ/ရသစာအုပ်စာစောင်များအား ငှားရမ်းပေးမှုကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူတစ်ဦးလျှင် (၂) အုပ်နှုန်း ရက်သတ္တပတ် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)