ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲကျ င်းပ

ရှမ်းရွာသစ် ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့မှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များက မောင်မြင့်ကြွယ်နှင့် မောင်မောင်အေး (MMA) ဘာသာပြန်ဆိုထားသည့် "ထူးချွန်သူ ၅၀၀တို့၏ ကိုယ်တွေ့အောင်မြင်ရေးနီတိများ "စာအုပ်ရှိ ဘဝတွင် အောင်မြင်ခဲ့ကြသော ပုဂ္ဂိုလ် ငါးရာကျော်တို့ လက်တွေ့လိုက်နာကျင့်သုံးခဲ့ကြသည့် နီတိ (သို့မဟုတ်) စာတိုပေစ၊ ဆောင်ပုဒ်ကလေးမျးကို စုစည်းဖော်ပြထားခြင်းဖြစ်သည့်အတွက် လူငယ်များအနေဖြင့် ဖတ်ရှုခြင်းဖြင့် အကျိုးရှိမှာအမှန်ပင် ဖြစ်ကြောင်း၊ ဤစာအုပ်ကို အဖန်တလဲလဲဖတ်ရှုပါက မိမိ၏ကိုယ် ပိုင်အတွေးခေါ်များလည်း တိုးတက်လာမည်ဖြစ်ကြောင်း စသည်ဖြင့် စာအုပ်တွင်ပါရှိသည့် အကြောင်းအရာ၊ ဆောင်ပုဒ်များ၊ စာတိုပေစများကို အကျဉ်းချုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ လူငယ်များ စာ ဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများနှင့် စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)