ကော့ကရိတ် မတ် ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ မြို့နေပြည်သူများ ဘေးဉပဒ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယနေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များအတွင်း မြောက်ဦးဆရာတော်ဦးဆောင်၍ ကော့ကရိတ်မြို့နယ် သံဃာ့နာယကအဖွဲ့ သံဃာတော်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ပရိတ်တရားတော်များ လှည့်လည် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တောင်ပေါ်ကျောင်းပရိယတ္တိစာသင်တိုက်၊ သဒ္ဓမ္မနုဂ္ဂဟသဟပုညကာရီ သာသနာ့ဗိမာန်၌ တရားသဘင်ပွဲဆင်ယင်ကျင်းပရာ မြောက်ဦးဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ကြပြီး အနုမောသနာတရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့အားဆပ်ကပ်လှူဒါန်းကြရာ ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ တရားပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)