ကရင်ပြည်နယ်

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို သိရှိနိုင်စေရန်ရည်ရွယ်၍ ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နံရံကပ်ပြဘုတ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီက သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ  အားကစားကွင်း၌  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးရှိ အောင်မြေစေတီတော် ပြန်လည်ပြုပြင်မွမ်းမံ ရွှေထီးတော်တင် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးအတွင်းရှိ အောင်မြေစေတီတော် ပြန်လည်ပြုပြင်မွမ်းမံ ရွှေထီးတော်တင် မင်္ဂလာအခမ်း အနားကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့တွင် သံဃာတော်များအား ဆန်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်

ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံချစ်ကြည်ရေးနာယက ဦးစောမုတ်သုန်နှင့် ၇ ရက်သားသမီးများစုပေါင်း၍ ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းမှ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာ မိသားစုများအား ဆန်နှင့်အမယ်စုံပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်နေ့မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ အားက စားခန်းမ၌ ပြုလုပ်ကျင်းပရာ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းမှ သံဃာတော်/သီလရှင်များ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ဦးတက်ရောက်ကြောင်း သိရသည်။

ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Hotspots အရေအတွက်လျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Hotspots အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အဆင့်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီ မြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး ရပ်ကွက်/ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစိစစ်ဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေး ကောက်ပွဲတွင်မဲပေးခွင့်ဆုံးရှုံမှုမရှိစေရေး မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာပေးခဲ့ရာ ကျန်ရှိမှုမ​ရှိစေရေးအတွက် ယမန်နေ့နံနက် (၉)အချိန်တွင်အမှတ် (၃) ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ကွင်းဆင်း၍ စိစစ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက်မြေပြင်ကွင်းဆင်းစိစစ်

ကရင်ပြည်နယ်  ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းများပြည့်စုံမှန်ကန်စေရေးတို့အတွက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များမှ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ တစ်အိမ်တက်ဆင်းအိမ်တိုင်ရာရောက်စနစ်ဖြင့် စာရင်းတိုက်ဆိုင်စစ်ဆေးစိစစ်ကြကြောင်းသိရသည်။

ကျုံဒိုးမြို့၌ အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာ‌ပေး၊ လက်တွေ့ စမ်းသပ်မဲပေးခြင်း

မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊အမှတ်(၅၄၅)ခြေမြန်တပ်ရင်း တပ်တွင်းခန်းမ၌ ကျင်းပရာ တပ်ရင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ မြို့အုပ်ချုပ်‌‌ရေးမှူး၊ ခရိုင်‌ရွေးကောက်ပွဲ =ကော်မရှင်အတွင်းရေးမှူးနှင့် တပ်နယ်အတွင်းရှိ တပ်ရင်း၊တပ်ဖွဲ့၊အရာရှိ၊ စစ်သည်မိသားစုဝင်များက တက်ရောက်ကြသည်။

ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့အင်္ဂါရပ်များနှင့်အညီ Green City , Clean City ဖြစ်စေရေးအတွက် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကော့ကရိတ်မြို့၌ မဲဆန္ဒရှင်အမည်စာရင်း မြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေးအတွက် တစ်အိမ်တက်ဆင်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်း ပါမပါအား သိရှိနိုင်ရန်အတွက်  ရပ်ကွက်ကျေးရွာအုပ်စု တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့နှင့် ပြည်သူ့စစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကေ့ာကရိတ်မြို့‌ပေါ် (၅၊ ၆၊ ၇) ရပ်ကွက် တို့တွင်တစ်အိမ်တက်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်‌ဆေး ဆက်လက်ကောက်ယူ ဆောင်ရွက်‌နေဆဲဖြစ်ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်