ကရင်ပြည်နယ်

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက် နေ့လယ် (၁) နာရီတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက်က ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက  ဆောင်ရွက်သည်။

ကြာအင်းဆိပ်ကြီးမြို့တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများ ကြိုတင်မဲဆန္ဒ မဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၉နာရီမှစတင်၍ ကြာအင်းဆိပ်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဘားအံမြို့နယ်၌သမဝါယမကဏ္ဍမှမိုးစပါးရိတ်သိမ်း၊ တစ်ဧကလျှင် စပါးအထွက်နှုန်း ၁၀၂ တင်းထွက်ရှိ

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှမိုးစပါး စိုက်ပျိုးရေး စီမံကိန်းတွင်ပါဝင်ဆောင်ရွက်သည့် နတ်ကျွန်းကျေးရွာအုပ်စု၊ရွှေတောကျေးရွာရှိ သက်စမ်းရေ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းက အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် မျိုးနှင့်သွင်းအားစုများပံ့ပိုး၍ စိုက်ပျိုးထားသော အသင်းသားတောင်သူ(၁၉)ဦး၏ အောင်နိုင်တိုး မိုးစပါးစိုက်ဧက(၃၀)နှင့် မှော်ဘီ-၃ မိုးစပါး စိုက်ဧက (၂၀)တို့အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းရာ  တစ်ဧကလျှင် စပါးအထွက်နှုန်း ၁၀၂ တင်းထွက်ရှိကြောင်း သိရသည်။

နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသော တပ်မတော်ကို ပြည်သူများအနေဖြင့် ပူးပေါင်းကူညီရမည်

နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ရန်တာဝန်ရှိသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေအရတပ်မတော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၁)(၁/၂၀၂၆)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ကရင်ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့ကြသည်။

ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀) ကျောင်းသို့ အမှိုက်ပုံးများလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အမှိုက်များခွဲခြားစွန့်ပစ်သည့်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀)ကျောင်းသို့ အမှိုက်ပုံးများ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြဝတီမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား လူငယ်များဗလငါးတန် ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲများကို လစဥ်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဉီး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီမှစတင်၍ ကော့ကရိတ်မြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ယာယီဖွင့်လှစ်ထားသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့်ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်