ကရင်ပြည်နယ်

သံတောင်ကြီးဒေသထွက် လက်ဖက်စိုများ ဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုမိုးတွင်းအချိန်ဖြစ်သော်လည်း လက်ဖက်စိုများဝယ် လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ် စာစောင်ကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကမ္ဘာ့ဆရာများနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင်နယ်လှည့်စာကြည့်တိုက်ကွင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်သို့ ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိ ပညာဗဟုသုတရရှိစေရေးနှင့်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက် တန်းကျောင်းတွင် မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် လာရောက်ဂါရဝပြုတွေ့ဆုံသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့်အဖွဲ့အား ယနေ့ နေ့လယ် ၁၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။

လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ အဆင့်မြင့်မိုဘိုင်းဖုန်း ပြုပြင်ရေး သင်တန်းဖွင့်လှစ်

လူသားတို့၏နေ့စဉ်ဘဝတွင် ကိုယ်နှင့်မကွာ တစ်ပါတည်းဆောင်ယူအသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း(အဆင့်မြင့်)ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန် ရည်ရွယ်၍  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ  ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် တောင်ယာငရုတ်သီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းမှုအဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏ မြေလွတ်မြေရိုင်းများတွင် တောင်ယာများခုတ်ကာ နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊ မင်းကွတ်၊ ဖာလာ၊ ကော်ဖီ၊ ဒညင်းစသည့် နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကိုလည်း ကြားညှပ်စိုက်ပျိုးကြသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၃) ရပ်ကွက်သို့ Mobile  စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့  သွားရောက် ၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်