ဘားအံ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတွင် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာကြီး ဦးစောအောင်ဘက Kahoot Quiz Game ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက အိုဇုန်းလွှာ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပရာ ဘားအံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၆၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)