ကရင်ပြည်နယ်

သံတောင်ကြီးဒေသထွက် ကင်ပွန်းသီးခြောက်များ ဝယ်လိုအားကောင်းနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ၏ မြေလွတ်မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ ဘေးပတ်ဝန်းကျင်များတွင် သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများကို ခူးယူပြီး အခြောက်ပြုလုပ်ထားသည့် ကင်ပွန်းသီးခြောက်များဝယ်လိုအား ကောင်းလျက်ရှိသည်။

သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားမိဘအစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက ကျောင်းသားမိဘဆရာအစည်းအဝေး ပြုလုပ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူ နေသူများအား အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား ရင်းနှီးနွေးထွေးစွာ သွားရောက်တွေ့ဆုံအားပေး၍ အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်နှင့် လေ့လာမှတ်သားနိုင်စေရေး အတွက် နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ကွမ်းသီးများအထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ကွမ်းသီးများ အထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိနေကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club နှင့် Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ၊ Community Centre ခန်းမတွင် Book Club နှင့် Youth Club အဖွဲ့ဝင်များက စာရေးဆရာကောင်းမြတ်၏ “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့သည်။

လိပ်သိုဒေသတွင် အာရေးဗီးကား (ARABICA) ကော်ဖီသီးများရည့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိကော်ဖီစိုက်ပျိုးဖြစ်ထွန်းသော ကျေးရွာများတွင် အာရေးဗီးကား (ARABICA)  ကုန်းမြင့်ကော်ဖီမျိုးနှင့် ရိုဘတ်စတာ ကော်ဖီမျိုး များကို  အဓိကထားစိုက်ပျိုးကြပြီး အာရေးဗီးကား ကော်ဖီမျိုးများမှာ စောစောရင့်မှည့်သဖြင့် ဒေသခံများက စတင်ဆွတ်ခူးလျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းတွင် ပြည်တွင်းစားသုံးဆီ  ဖူလုံမှုရှိစေရေးနှင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားရရှိစေရေးတို့အတွက် ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲက ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လိပ်သိုဒေသတွင် မိုးစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း မြေနေရာနှင့် ရေရှိမှုအပေါ်မူတည်၍ တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်