ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌  (၁၀၄)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့်  စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲ ကျင်းပ

နိုဝင်ဘာ(၂၅)ရက်နေ့တွင်  ကျရောက်မည့်  (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအဖြစ်၂၀၂၄-၂၀၂၅ပညာသင်နှစ်မြို့နယ်အဆင့်   စာစီစာကုံး၊  ကဗျာနှင့်ပန်းချီပြိုင်ပွဲများကို  ယနေ့နံနက် ၉  နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

ကမမောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကမမောင်းမြို့၊ သံလွင်ဦးမြို့မဈေး၌ ကျင်းပခဲ့သည်။

ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီးအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ယမန်နေ့ နံနက် ၅ နာရီခန့်က အဆိုပါဘုရားကြီး ဂန္ဓကုဋီတိုက် ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ည ဆီမီး၊ ပန်း၊ ရေချမ်းများပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးအလှူပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ည ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးအလှူပွဲ ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ည (၆) နာရီအချိန်က ကျိုက်မုရောစေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းကြီးလောင်းလှူပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းကြီးလောင်းလှူပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဆွမ်းကြီးလောင်းလှူပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၌ မသိုးသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက အဆိုပါ စေတီတော်မြတ်ကြီး ဓမ္မဗိမာန်တော်အတွင်း ကျင်းပသည်။

သံတောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ အမျိုးသားနေ့အကြောင်း ဖြစ်ပေါ်လာပုံသိရှိစေရန်၊ စာပေစွမ်းရည်တိုးတက်မြှင့်မားစေရန်ရည်ရွယ်၍ သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.ကကျောင်းဝင်းရှိ မိုးလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်